ဒိုက်ဦးမြို့နယ် လက်ပံသုံးခွကျေးရွာ၌ ဆပ်ပြာခေါင်းလျှော် ရည်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒိုက်ဦး မေ ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ဆပ်ပြာခေါင်းလျှော်ရည်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဒိုက်ဦးမြို့နယ် လက်ပံသုံးခွကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ညောင်လေးပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆက်နိုင်ထွန်းမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီးနောက် ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးမှ အမှာစကားပြောကြားပါသည်။

ဆက်လက်၍ သင်တန်းနည်းပြ ဒေါ်ချိုဇင်ထက်မှ သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီးနောက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီးမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။

အဆိုပါသင်တန်းကို မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား ၂၀ ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)