ကဝ မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကဝမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်စသည်တို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ပုံ၊ အမှတ်ပေးစည်းမျဉ်း/ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကျင်းပခဲ့ရာ အမှတ်(၁)အခြေခံပညာမူလတန်း (လွန်) ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြ၍ စကားပုံဆက်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်/စာစောင်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)