ဇီးကုန်း မေ ၂၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၅)ရပ်ကွက် အ.ထ.က (ဇီးကုန်း) ကျောင်းရှေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးတို့က ၂၀၂၅- ၂၀၂၆ “ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး KG မှ Grade-12 ထိ ဗလာစာအုပ်၊ ခဲတံ၊ စာရေးကိရိယာများနှင့် KG မှ Grade-5 အထိ ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင့်ဆွေ (ပြန်ဆက်)