ကန့်ဘလူမြို့၌ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေး

ကန့်ဘလူ မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှောချရောင်းပေးခြင်းကို မြို့နယ်ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် ဇဗ္ဗူထွန်းရွှေဆိုင်ရှေ့ တပင်ရွှေထီးလမ်းဘေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့စားအုန်းဆီများ ရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်ရေး လူတစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားကို ၃၉၀၀ ကျပ်နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်ပြီး ယင်းနေ့တွင် မြို့ပေါ်ရပ်ကွက်များရှိ ကျန်ရပ်ကွက်( ၁/၂/၄/၅) တို့တွင်လည်း အဖွဲ့များခွဲကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း