ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး

ပခုက္ကူ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇နာရီအချိန်ကစတင်ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပင်စင်လစားငွေများထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ဘဏ်ဝန်ထမ်းများက မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်၊ မြန်မာ့စီးပွားရေးပင်စင်(သက်ပြည့်၊ လုပ်သက်၊ နာမကျန်း၊ မိသားစု၊ လျော်ကြေး)စသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်အမျိုးအစားအလိုက် စနစ်တကျ စာရင်းရေးသွင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းပင်စင်လစာငွေများကို မေလ ၂၁ရက်မှ ၃၁ရက်အထိ နေ့စဉ်နံနက် ၇နာရီမှ မွန်းလွဲ ၃နာရီအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)