တောင်တွင်းကြီး မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်များရှိ စာအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များအား စျေးကစားမှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွန်းစျေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်စေရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲလွင်မျိုးက စားအုန်းဆီများအား စျေးကစားခြင်း၊ သတ်မှတ်ရည်ညွန်းစျေးထက်ပို၍ ရောင်းချခြင်းနှင့်ပတ်သတ်၍ ဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် အိမ်ဆောက်လုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဆန်စျေးနှုန်းများအား သတ်မှတ်ရည်ညွှန်စျေးနှုန်းထက်ပို၍ မြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကာ သတ်မှတ်ရည်ညွှန်းစျေးထက် ပို၍ရောင်းချပါက အရေးကြီးကုန်စည်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)