သာယဝတီ မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ Fitness Dance ပြိုင်ပွဲကို ယနေ့နေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲကို ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်၏အကျိုးကို ဝိုင်းဝန်းဆောင်ရွက်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်အတွင်းရှိ အထက်တန်းအဆင့် ကျောင်းသူလေးများက Fitness Dance ကကွက်များကို သရုပ်ပြတင်ဆက်ခဲ့ပြီး Fitness Dance တစ်ဦးချင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)