တောင်တွင်းကြီး မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် (၁၀၀ × ၃၀) RCC (၂)ထပ်ဆောင်အသစ် ဆောက်လုပ်ခြင်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး (၁၀၀ × ၃၀) RCC (၂)ထပ်ဆောင် အဆောက်အဦသစ်တည်ဆောက်ခြင်းကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေ (၃၃၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် Swam Ahrr Family ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)