နတ်မောက်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိ

နတ်မောက် မေ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားပင်စင် လစာထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများက ပင်စင်လစာလာရောက် ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် ပင်စင်စားများ စနစ်တကျထုတ်ယူနိုင်ရေးနှင့် ပင်စင်လစာထုတ်ရန် ကိုယ်တိုင်မလာရောက်နိုင်သူ အငြိမ်းစားများအနေဖြင့် ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူနိုင်ပြီး ထုတ်ယူရန် ကျန်ရှိသူများအား  ဇွန်လဆန်းပိုင်းတွင် ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိသည်။ 

နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အငြိမ်းစားပင်စင်စား (၁၈၀၀) ဦးခန့်ရှိရာ အဆိုပါ ပင်စင်စားများအား မေလ (၂၁) ရက်နေ့မှ  (၃၀) ရက်နေ့အထိ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက် (၇) နာရီမှ စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားဘဏ် မန်နေဂျာထံမှ သိရသည်။

မူမူစန်း