သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား ကျင်းပ

သဲကုန်း မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်ဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် လှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မသန်းစိန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လှုံ့ဆော်ရေး မြေစိုက်ပိုစတာဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမွှေးနံ့သာသပြေခတ်များဖြင့် ဖျန်းပက်ပေးခဲ့ကြပြီး  စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)