တောင်ငူမြို့၌  မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချဆွေးနွေးလျက်ရှိ

တောင်ငူ မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့၊အထက()၊အထက()နှင့်အထက()တို့၌ ခရိုင်ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာကျောင်းများမှ မူလတန်း၊အလယ်တန်းနှင့် အထက်တန်းအဆင့်ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းများကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မေလ ၂၀ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ထိုသို့ သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် တောင်ငူမြို့အထက()၌ မူလတန်းအဆင့် (မြို့နယ်အဆင့်)ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို သင်တန်းနည်းပြ (၃၀)ဦးမှ မူလတန်းအဆင့်သင် ဆရာ၊ဆရာမ(၄၇၂)ဦးအား သင်ကြားပို့ချလျက်ရှိပြီး အထက()၌  အလယ်တန်းအဆင့်(မြို့နယ်အဆင့်)ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို သင်တန်းနည်းပြ(၁၂)ဦးမှ အလယ်တန်းအဆင့်သင် ဆရာ၊ဆရာမ(၈၁)ဦးအား သင်ကြားပို့ချဆွေးနွေးလျက်ရှိသည်။တောင်ငူမြို့ အထက()၌ အထက်တန်းအဆင့်(ခရိုင်အဆင့်)ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို သင်တန်းနည်းပြ(၃၄)ဦးမှ အထက်တန်းအဆင့်သင် ဆရာ၊ဆရာမ(၅၅၉)ဦးအား သင်ကြားပို့ချဆွေးနွေးလျက်ရှိပြီး အဆိုပါသင်တန်းများကို မေ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချဆွေးနွေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)