ခန္တီး မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ဆောင်းသီးနှံ(မြေပဲ)များ ယခင်နှစ်များထက် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကို နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလပထမပတ်အတွင်း စတင်စိုက်ပျိုးကြပြီး ဧပြီလနှင့်မေလတွင် ရိတ်သိမ်းကြရာ ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး တစ်မြို့နယ် ထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၆၄.၅)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံ(မြေပဲ)စိုက်ဧက(၁၆၀၅)ဧကရှိပြီး တောင်သူများအနေဖြင့် ဆင်းပဒေသာ(၁၁)၊ မကွေး(၁၆)နှင့် FP121 မြေပဲမျိုးများကို စိုက်ပျိုးကြရာ (၁)ဧကပန်းတိုင်အထွက်နှုန်းတင်း(၇၀)ကျော် သတ်မှတ်ထားရာပန်းတိုင်အထွက်နှုန်းရရှိသည့် ဧက(၃၅)ဧကရှိပြီး တစ်မြို့နယ်ထွက်နှုန်း (၁)ဧကလျှင် (၆၄.၅) တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)