ခန္တီး မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် (၅၅)ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ခန္တီးမြို့နယ်အတွင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၂)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ(၂၁)ဦးတို့က မိမိတို့အတန်းအဆင့်အလိုက် "ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် စာစီစာကုံးယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို ၂၀၂၅ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် (၅၅)ကြိမ်မြောက်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)