လဟယ် မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် သုတ/ရသ စာအုပ်စာစောင်များပြပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်က ကလေးအလုပ်သမားပပျောက်ရေးခေါင်းစဉ်နှင့် လူငယ်လူရွယ်များ ဗလငါးတန် ပြည့်စုံဖို့ စာအုပ်စာပေဖတ်ကြစို့စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပြီးနောက် ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပါသည်။
၎င်းနောက် လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝပြီး သုတရသစာအုပ်စာပေများကို ဖတ်မှတ် လေ့လာမှတ်သားသော အလေ့ကျင့်ကောင်းများ ပြည့်ဝလာစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်စာပေများကို ခင်းကျင်းပြသထားသည်ကို ကျောင်းသား/သူများက စိတ်၀င်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်စာစောင်ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ၊ ကျောင်းသား/သူ(၇၅)ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)