ကျိုက်လတ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

ကျိုက်လတ် မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လှည်းဆိပ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာတို့က သင်တန်းသူများထံ လိုအပ်သော သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်မေမြတ်သူက ပါဝင်ပစ္စည်းများ ဝယ်ယူရရှိနိုင်မည့်နေရာ၊ ရရှိလာမည့် ငွေကြေးအကျိုးအမြတ်၊ ပြုလုပ်ပုံအဆင့်ဆင့် အသေးစိတ်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၂၀)ဦး တက်ရောက်ပြီး ဆပ်ပြာအဆီ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာနှင့် လက်ဆေးဆပ်ပြာ စသည်တို့ကို (၅)ရက်ကြာ စာတွေ့ လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)