ကသာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

ကသာ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်၌ ဧရာရွှေလီခန်းမရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါပိုစတာစိုက်ထူရာတွင် မြေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် စွန့်ပစ်ပစ္စည်းများ ညစ်ညမ်းခြင်းကဲ့သို့ ညစ်ညမ်းမှုအန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့နေရလေ့ရှိပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် လူငယ်များ၏ကျန်းမာရေးနှင့်အနာဂတ်လမ်းကြောင်းများတွင် အနှောင့်အယှက်အဟန့်အတားတွေကိုလည်းဖြစ်စေနိုင်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုများကို ရပ်တန့်နိုင်ရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ပူးပေါင်းကာကွယ်ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်းတို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကိုဦးထံမှ သိရပါသည်။

၂၀၂၅ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မြေစိုက်ပိုစတာတွင် " ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး" ဆောင်ပုဒ်ပါရှိကြောင်း သိရှိရပါသည်။

ရဲလင်းထွန်း(ပြန်/ဆက်)