အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

အိမ်မဲ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ ကျေးရွာများမှ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား ၂၀၂၄၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေလ (၁၉) ရက်နေ့ နံနက်ပိုင်းကစတင်ထုတ်ချေးပေးခဲ့ရာယနေ့နံနက်ပိုင်းတွင်လည်း ထုတ်ချေးပေးခဲ့သည်။

ထိုကဲ့သို့ထုတ်ချေးပေးလျက်ရှိရာ အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာနှင့်ဝန်ထမ်းများက မေလ ၁၉ ရက်နေ့က ကျေးရွာ(၂)အုပ်စုရှိ တောင်သူ (၁၈၀) ဦး၏ လယ်မြေဧက (၁၀၆၄) ဧက အတွက် တစ်ဧက လျှင် ငွေကျပ် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေကျပ် (၁၅၉၆၀၀၀၀၀)ကျပ်၊ မေလ (၂၀)ရက်နေ့က ထန်းတပင်ကျေးရွာအုပ်စုရှိ တောင်သူ (၁၄၄)ဦး၏ လယ်မြေ (၇၅၄) ဧကအတွက် (၁၁၃၁၀၀၀၀၀)ကျပ်တို့ကိုထုတ်ချေးပေးခဲ့ပြီး အိမ်မဲမြို့နယ်ဘဏ်ခွဲရှိ ကျေးရွာအုပ်စု (၉၈) အုပ်စုရှိ အချိန်စေ့ရောက်ပြီးသည့် ချေးငွေများပြေကြေစွာပေးဆပ်ပြီးသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)