ညောင်တုန်းမြို့နယ်တွင် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်တုန်း မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းနယ်မြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုတတိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်က ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အကြောင်းအရာများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးခြင်းကြောင့်ဖြစ်ပွားသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူငယ်လူရွယ်များနေဖြင့် ဆောင်ရန်/ရှောင်ရန်အချက် စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များစသည့် စားသုံးသူကာကွယ်‌ရေးအသိပညာပေး‌ အကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ် စာစောင်ပြပွဲများကို ပြသခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)