ကျောင်းကုန်း မေ ၂၀
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က သင်တန်းကို မေလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ (၃)ရက်တာ ဆွေးနွေးခဲ့ကြကြောင်း၊ မူလတန်းဆင့်တွင် နည်းပြနှင့်သင်တန်းသား (၈၄၄)ဦးရှိပြီး၊ အလယ်တန်းဆင့်တွင် နည်းပြနှင့်သင်တန်းသား(၂၅၂)ဦး တက်ရောက်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသူ ဆရာမများက "တောင်ယာဝင်ချိန်"သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ အခြေခံပညာမူလတန်းဆင့်ဘာ သာရပ်စွမ်းရည်မြှင့်သင်တန်းသူဆရာမများက "ပန်းကလေးများ၏ ဥယျာဉ်မှူး" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)