မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကျင်းပ

မအူပင် မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မအူပင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက အခမ်းအနားမှူး သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး အခမ်းအနားမှူး၏အဓိပ္ပါယ်များ၊ တွဲဖက်အခမ်းအနားမှူး၏အဓိပ္ပါယ်များ၊ အခမ်းအနားမှူးတစ်ဦး၏ အရည်အချင်းများ၊ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ တွဲဖက်အခမ်းအနားမှူး၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပို့ချသင်ကြားသည်။

အဆိုပါအခမ်းအနားမှူးသင်တန်းအား မအူပင်မြို့နယ်အတွင်းရှိ ဌာန(၁၇)ခုမှ သင်တန်းသား၊ သင်တန်းသူ (၃၂)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ(၂၀)ရက်နေ့မှ(၂၂)ရက်နေ့ထိ (၃)ရက်တာကာလ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)