ကန့်ဘလူမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ကန့်ဘလူ မေ ၂၀

ကန့်ဘလူမြို့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန် မွန်းလွဲ ၁ နာရီခွဲက ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါထောက်ပံ့ငွေေပးအပ်ပွဲတွင် တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဒေသအသီးသီးမှ ကန့်ဘလူမြို့သို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ၈၂ ဦး (မြို့နယ်ထွေ/အုပ်၌ ၂၄ ဦး၊ ပြည်ခိုင်ဖြိုး၌ ၅၈ ဦး)အား ဖေဖော်ဝါရီနှင့်မတ်လအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၄၀၀၀၀ စီ စုစုပေါင်းငွေကျပ် ၁၆၄၀၀၀၀ တို့ကို ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)