ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ပွင့်ဖြူ မေ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းကစတင်၍ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ လယ်ဝယ်အရောက် စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။ 

ထိုသို့ ‌မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးအေးမင်းနိုင်က ချေးငွေမထုတ်ချေးမီ တောင်သူများကို သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှု နှုန်းထားများနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း များကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ချေးသည့် သံကိုင်းကျေးရွာအုပ်စုမှ တောင်သူ ၄၉ ဦး၏ လယ်မြေဧက ၂၈၅ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးငွေကျပ် (၄၂,၇၅၀,၀၀၀) ကို တောင်သူများလယ်ဝယ်သို့ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး မေလမှ စတင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကိုလည်း မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရန်အတွက် ဆက်လက်ထုတ်ချေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )