ကန့်ဘလူ မေ ၂၀
၂၀၂၅ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက ကန့်ဘလူမြို့ မြို့တော်ခန်းမရှေ့နှင့် အ.ထ.က(၁) ကန့်ဘလူကျောင်းရှေ့တို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာက ဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ စိုက်ထူခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ ကမ္ဘာတစ်ဝန်း ပလပ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေးဖြစ်ပါတယ်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ပလပ်စတစ်များရောက်ရှိပြီး ရေနေဂေဟစနစ်ကို ထိခိုက်စေခြင်း၊ ရေမြောင်းပိတ်ဆို့ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်၊ သက်ရှိများရဲ့ဂေဟစနစ်များနဲ့ လူတို့ရဲ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ပလပ်စတစ်အသုံးပြုမှု၊ စွန့်ပစ်မှုတွေကို လျှော့ချနိုင်ဖို့နဲ့သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ဖို့ အသိပေးနှိုးဆော်တဲ့အနေနဲ့ စိုက်ထူခြင်းဖြစ်ပါတယ် ” ဟု တာဝန်ခံ ဦးညီညီစိုးက ပြောသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)