ညောင်လေးပင် မေ ၁၉
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအတွက် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယမန်နေ့မွန်းတည့်(၁၁)နာရီအချိန်က အဆိုပါရုံး၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုး၊ ဒုတိယတိုင်းဒေသကြီးမန်နေဂျာ၊ ခရိုင်မန်နေဂျာနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်တို့မှ ငွေချေးယူသူတောင်သူများအား ချေးငွေစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် ယနေ့တောင်သူဦးရေ(၈၄) ဦးရေ၊ ဧက (၆၂၂) ဧကအတွက် ငွေပေါင်း ( ၉၃၃.၀၀ )သိန်း ထုတ်ချေးပြီး ၂၀၂၅ ခုနှစ် မိုးရာသီချေးငွေတစ်ရပ်လုံးအတွက် မြို့နယ်ချုပ်အနေဖြင့် (၁၁၁၃၇.၂၀) သိန်း လျာထားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ရီရီချိုထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)