ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ညောင်လေးပင် မေ ၂၀

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအတွက် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယမန်နေ့ မွန်းတည့်(၁၁)နာရီအချိန်က အဆိုပါရုံး၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုး၊ ဒုတိယတိုင်းဒေသကြီးမန်နေဂျာ၊ ခရိုင်မန်နေဂျာနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်တို့မှ ငွေချေးယူသူတောင်သူများအား ချေးငွေစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ယနေ့တောင်သူဦးရေ(၈၅) ဦးရေ၊ ဧက (၆၂၂) ဧကအတွက် ငွေပေါင်း (၉၃၃၀၀) ကျပ်သိန်း ထုတ်ချေးပြီး ၂၀၂၅ ခုနှစ် မိုးရာသီချေးငွေတစ်ရပ်လုံးအတွက် မြို့နယ်ရုံးအနေဖြင့် (၁၁၁၃၇.၂၀) သိန်း လျာထားချေးငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ရီရီချိုထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)