မြို့သစ်မြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မြို့သစ် မေ ၂၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများသီးနှံစိုက်ပျိုးရာတွင်အဆင်ပြေစေရန်အတွက်  မိုးစပါးနှင့်အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ ကျေးရွာအုပ်စုအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးနှင့်အခြားသီးနှံစုံဧက (၃၃၇၅၀)ဧကအတွက် ငွေကျပ်သိန်း (၄၅၀၀၀)ထုတ်ချေးပေးရန် လျာထားရာ မေလ ၁၉ ရက်နေ့တွင် စည်သာကျေးရွာအုပ်စု၊ စည်သာကျေးရွာရှိတောင်သူ(၂၂)ဦး၊ မိုးစပါးဧက(၅၀)ဧကအတွက် တစ်ဧကလျှင် ၁၅၀၀၀၀/-နှုန်းဖြင့် ငွေကျပ်(၇၅၀၀၀၀၀) သိန်း၊ အခြားသီးနှံစုံ (၂၂) ဧကအတွက်  တစ်ဧကလျှင် ၁၀၀၀၀၀/-နှုန်းဖြင့် ငွေကျပ်(၂၂၀၀၀၀၀) သိန်း  စုစုပေါင်း ငွေကျပ် (၉၇၀၀၀၀၀)သိန်းအား တောင်သူများ၏ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)