ပခုက္ကူ မေ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ပခုက္ကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၁၈ ရက်နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် အလယ်တန်းအဆင့် သင်တန်းသား သင်တန်းသူ ၃၀၁ ဦးအား မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များကိုလည်းကောင်း၊ မူလတန်းအဆင့် သင်တန်းသား၊ သင်တန်းသူ ၅၂၀ ဦးအား KG မှ (Grade 1, 2, 3,4) သင်ရိုးညွှန်းတမ်းဘာသာရပ်များကိုလည်းကောင်း မေလ ၁၈ ရက်မှ ၂၀ ရက်အထိ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)