မင်းဘူး မေ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်နှင့် မင်ဘူး-အမ်းကားလမ်းမဘေးရှိ ကန်ရေပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း ၃၉၀၀၀၀ ကျော် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါ ပျိုးပင်များထဲမှ ကန်ရေပျိုးဥယျာဉ်တွင် ပြည်ထောင်စု အထူးပျိုးပင်ပေါင်း ၃၃၀၀၀၊ တိုင်းဒေသကြီး အထူးစိမ်းလန်းစိုပြည်ရေးအတွက် တမာပျိုးပင်ပေါင်း ၁၇၅၀၀၊ ကျေးရွာထင်းစိုက်ခင်းအတွက် ပျိုးအပင်ပေါင်း ၁၃၅၀၀ နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းအတွက် ပျိုးပင်ပေါင်း ၃၅၈၅၂ ၊ ပျိုးပင်စုစုပေါင်း ၉၉၈၅၂ ပင်ကို ပျိုးထောင်ထားရှိကြောင်း၊ အလားတူ ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်တွင် ပြည်ထောင်စုအထူးပျိုးပင်ပေါင်း ၂၀၀၀၀၊ တိုင်းဒေသကြီး အထူးစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း ၅၀၀၀၀၊ ပြည်သူလူထုအားအခမဲ့ဖြန့်ဝေမည့် လူထုဖြန့်ပျိုးပင်ပေါင်း ၄၄၂၀၀၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းအတွက် ပျိုးပင်ပေါင်း ၁၇၈၉၀၁၊ အထူး စိမ်းလန်းအရိပ်ရပင်များ စိုက်ပျိုးရန်အတွက် ပျိုးပင်ကြီး အပင်ပေါင်း ၃၀၀၊ ပျိုးပင်စုစုပေါင်း ၂၉၃၄၀၁ ပင်တို့ကို ပျိုးထောင်ထားရှိပြီး ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးမြင့်အောင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း စိုက်ပျိုးသွားမည့် ပျိုးပင်များမှာ ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ကုက္ကိုလ်၊ စိန်ပန်းကြီး၊ ထိုင်ဝမ်ဗန်ဒါ၊ မယ်ဇယ်၊ ဇီး၊ မျှဉ်ဝါး၊ စိန်တံခြူ၊ ဆီသပြေ၊ မယ်ဇလီ၊ မာတာကွတ်၊ ရေတမာ၊ တမာ၊ ဖျောက်ဆိပ်၊ ခရေ၊ ပျဉ်းကတိုး၊ ရှား၊ ယူကလစ် စသည့် ပျိုးပင်ပေါင်း ၃၉၃၂၅၃ ပင်ကို အဆိုပါပျိုးဥယျာဉ်နှစ်ခု၌ ပျိုးထောင်ထားရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)