ကျွန်းလှ မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်)ရှေ့၌ ဆောင်ရွက်သည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)