ချောက် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းတွင် နည်းပြဆရာ/ ဆရာမ (၅၆) ဦးက သင်တန်းသား ဆရာ/ဆရာမ (၈၄၉) ဦးအားလည်းကောင်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းတွင် နည်းပြဆရာ/ ဆရာမ (၂၂) ဦးက သင်တန်းသား ဆရာ/ ဆရာမ (၃၂၄) ဦးတို့အားလည်းကောင် မေလ (၁၈) ရက်နေ့မှ မေလ (၂၀) ရက်နေ့အထိ (၃) ရက်ကြာ နေ့စဥ်နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)