ဆိပ်ဖြူမြို့နယ်၌ နွေသီးနှံ (၅၅၇) ဧက စိုက်ပျိုးနိုင်ပြီး မိုးသီးနှံအတွက် (၇၁၀၁၇) ဧက စိုက်ပျိုးနိုင်ရန်လျှာထားဆောင်ရွက်လျက်ရှိ

ဆိပ်ဖြူ မေ ၁၉

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်နွေသီးနှံကို (၅၅၇) ဧက စိုက်ပျိုးဆောင်ရွက်နိုင်ပြီး၊ ၂၀၂၅ အဓိက မိုးသီးနှံ(၇၁၀၁၇)ဧက စိုက်ပျိုးနိုင်ရန်လျှာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် မိသားစုဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးဆောင်ရွက်လျက်ပြီး ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်နွေသီးနှံကို နွေစပါးနှင့် နွေနှမ်းတို့ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်လျှက်ရှိပြီး ရာသီဥတုအပေါ်မူတည်၍ အထွက်တိုးသက်လျင်စပါးမျိုးများဖြစ်သည့် အောင်နိုင်တိုး၊ ဆာဖိုးသာ၊ ဆင်းသုခ (၃၅၆) ဧက ၊ ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်းကို စမုံနက်၊ ဆင်းရတနာ(၄)၊ သိပ္ပံနက် (၁၉၂) ဧကတို့ကို စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် မိုးသီးနှံအတွက် အဓိကသီးနှံများဖြစ်သည့် မိုးစပါး၊ ဆီးထွက်သီးနှံများ၊ ပဲမျိုးစုံတို့ကို စိုက်ပျိုးဆောင်ရွက်နိုင်စေရန် မျိုးကောင်းမျိုးသန့်များကို ချိတ်ဆက်ဆောင်ရွက်ဖြန့်ဖြူးပေးလျက်ရှိပြီး မိုးသီးနှံအတွက်လျာထားစိုက်ဧကမှာ (၇၁၀၁၇) ဧက ရှိဖြစ်ကြောင်း၊ ဒေသခံတောင်သူများစိုက်ပျိုးမည့် သီးနှံအလိုက် စိုက်ပျိုးနည်းပညာများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြောကြားသိရှိရသည်။

စိုးလင်းနိုင်(IPRD)