တောင်ငူမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် KG မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ

တောင်ငူ    မေ     ၁၉

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိ ကျောင်းသားကျောင်းသူများ၏ အောင်စာရင်း နေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ ကျောင်းသားကျောင်းသူများနှင့် မိဘများ လာရောက်ကြည့်ရှုကြသည်။

တောင်ငူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် KGမှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် KG အဆင့်တွင် ဖြေဆိုသူ (၄၀၈၂)ဦး၊ အောင်မြင်သူ (၄၀၈၂)ဦး၊ Grade-1 အဆင့်တွင် ဖြေဆိုသူ (၅၃၄၁)ဦး၊ အောင်မြင်သူ (၅၃၄၁)ဦး၊ Grade- 2 အဆင့်တွင် ဖြေဆိုသူ (၅၇၀၁)ဦး၊ အောင်မြင်သူ (၅၇၀၁)ဦး၊ Grade- 3 အဆင့်တွင် ဖြေဆိုသူ (၆၆၆၅)ဦး၊ အောင်မြင်သူ (၆၆၆၅)ဦး၊ Grade-4 အဆင့်တွင် ဖြေဆိုသူ (၅၆၄၂)ဦး၊ အောင်မြင်သူ (၅၆၄၂)ဦး၊ Grade-5 အဆင့်တွင် ဖြေဆိုသူ (၃၈၃၁)ဦး၊ အောင်မြင်သူ (၃၈၃၁)ဦး၊ Grade-6 အဆင့်တွင် ဖြေဆိုသူ (၃၆၃၂)ဦး၊ အောင်မြင်သူ (၃၆၃၂)ဦး၊ Grade- 7 အဆင့်တွင် ဖြေဆိုသူ (၂၅၅၈)ဦး၊ အောင်မြင်သူ (၂၅၅၈)ဦး၊ Grade-8 အဆင့်တွင် ဖြေဆိုသူ (၁၁၈၉)ဦး၊ အောင်မြင်သူ (၁၁၈၉)ဦး၊ Grade-9 အဆင့်တွင် ဖြေဆိုသူ (၂၆၉၆)ဦး၊ အောင်မြင်သူ (၂၆၉၆)ဦး၊ Grade – 10 အဆင့်တွင် ဖြေဆိုသူ ( ၁၉၅၁)ဦး၊ အောင်မြင်သူ (၁၉၅၁)ဦး၊ Grade- 11 အဆင့်တွင် အောင်မြင်သူ (၁၆၉၇)ဦး၊ အောင်မြင်သူ (၁၆၉၇)ဦး၊ အောင်မြင်မှုရာခိုင်နှုန်း (၁၀၀%) ရှိပြီး ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)