ထန်းတပင်မြို့နယ် စိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိ

ထန်းတပင် မေ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ လာမည့်မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် အပူချိန်များ လျှော့နည်းစေနိုင်ရေးအတွက် ပျိုးပင်ပေါင်း (၂၅၀၀၀) ပင်ကို ဖြန့်ဝေပေးနိုင်ရေးအတွက် ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဥ်တွင် အပင်ပေါင်း (၂၅၀၀၀) ပင် စိုက်ပျိုးထားရှိသည်။ ဒေသတွင်းစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာစေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးရန်နှင့် ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်ရန် ကျွန်း (၅၀၀၀) ပင် ၊ မန်ဂျာရှား (၁၀၀၀၀) ပင်၊ စိန်ပန်း (၅၀၀၀) ပင်၊ ယမနေ (၅၀၀၀) ပင်၊ စုစုပေါင်း (၂၅၀၀၀) ပင်တို့ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)