ပေါက်ခေါင်း မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အ.ထ.က (ပေါက်ခေါင်း) ကျောင်း၌ မေလ ၁၈ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။
မူလတန်းအဆင့်ဆွေးနွေးပွဲတွင် သင်တန်းနည်းပြ ဆရာ(၃၂) ဦးက နည်းပြအဖြစ်ဆွေးနွေးပို့ချပြီး မူလတန်းဆရာ ဆရာမများ (၅၁၃) ဦး တတ်ရောက်ပြီး၊ အလယ်တန်းအဆင့်ဆွေးနွေးပွဲတွင် အလယ်တန်းပြဆရာ/ ဆရာမ (၄၈) ဦးက နည်းပြအဖြစ် ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် သင်တန်းသားဆရာ၊ ဆရာမများ (၂၅၇) ဦး တတ်ရောက်ဆွေးနွေးလျက်ရှိသည်။
အဆိုပါဆွေးနွေးပွဲကို မေလ (၁၈) ရက်မှ (၂၀) ရက်နေအထိ နံနက် (၉) နာရီမှ ညနေ (၄) နာရီချိန်ထိ KG တန်းမှ Grade-8 ထိ ဘာသာရပ်များကို ဆွေးနွေးခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)