မအူပင်မြို့၌ စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ

မအူပင် မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက် အထိ သတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ကြားနိုင်စေရန်နှင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် မအူပင်မြို့၏ လူစည်ကားရာနေရာဖြစ်သည့် မြို့ရှောင်လမ်းနှင့် ရေလဲလမ်းထိပ် ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်အား ယနေ့နံနက် ၇ နာရီက စိုက်ထူခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်တင်ပွဲအား မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး‌ဒေါ်စန်းယုမော်နှင့် ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့‌ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)