မင်းကင်းမြို့၌ ချမ်းမြေ့စည်ပညာရေး ဖောင်ဒေးရှင်း၏ အခမဲ့ကွန်ပျူတာသင်တန်း အပတ်စဉ် (၃၆) သင်တန်းဆင်းပွဲကျင်းပ

မင်းကင်း မေ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ရှိ ချမ်းမြေ့စည်ပညာရေးဖောင်ဒေးရှင်း၏ အခမဲ့‌ကွန်ပျူတာသင်တန်းအပတ်စဉ် (၃၆) သင်တန်း ဆင်းပွဲအခမ်းအနားကို ချမ်းမြေ့စည် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြစေတီဘုန်းတော်ကြီးမှ ဆရာတော်ဦးကေသရက ဩဝါဒစကား မိန့်ကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးသန်းနိုင်က အမှားစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းထူးချွန်ဆုရ သင်တန်းသားသင်တန်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမဲ့ကွန်ပျူတာသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ကာတာဝန်ရှိသူများနှင့်သင်တန်းသားသင်တန်းသူများ စုစုပေါင်း(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)