ပန်းတောင်း မေ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း(အရှေ့ပိုင်း)မှ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး ပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ များလိုက်ပါ၍ ယနေ့နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမြှော်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူစိုး၊ အဖွဲ့ဝင် (၂) ဦးအေးကြိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ ပန်းတောင်းမြို့မစခန်းမှူး ဒုတိယရဲမှူးမျိုးမင်း၊ မြို့နယ်ပညာရေးမှူး ဦးတင်နိုင်ဦး၊ လူမှုရေးအသင်းအဖွဲ့များ၊ ရွှေဘုံသာမုနိဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် ဂေါပကအဖွဲ့ဝင်များမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်း(အရှေ့) လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့အား ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံတွင် ရွှေဘုံသာမုနိဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှိုင်မှ ရွှေဘုံသာမုနိစေတော်မြတ်ကြီး၏ တည်နေရာအနေအထား၊ ဘွဲ့အမည်ဆက်ကပ်ခဲ့ပုံ၊ တည်ထားကိုးကွယ်မှုအဆင့်ဆင့် နောက်ခံသမိုင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်ကင်းထောက်အဖွဲ့မှ အလှူငွေများ ကုသိုလ်ပြုစုပေါင်းလှူဒါန်းခဲ့ကြသည်။
ထို့နောက် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်တန်ဆောင်း၌ တည်ထားသော မဟာမြတ်မုနိကိုယ်ပွားဆင်းတုတော်၊ တောင်ဘက်တန်ဆောင်း၌ တည်ထားသော ရှင်ကျော်မုနိကိုယ်ပွားဆင်းတုတော်၊ အနောက်ဘက်တန်ဆောင်း၌ တည်ထားသော ရွှေဘုံသာမုနိကိုယ်ပွားဆင်းတုတော်၊ မြောက်ဘက်တန်ဆောင်း၌ တည်ထားသော မာရ်အောင်မုနိကိုယ်ပွားဆင်းတုတော်၊ တနင်္ဂနွေထောင့်ရှိ သိုက်နန်းရှင်မမြစိမ်း၏ နတ်နန်းတို့အား လှည့်လည့်လေ့လာကြည့်ရှုဖူးမြော်ကာ ဒေသန္တရဗဟုသုတများ လေ့လာခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)