ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ပြည်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများအား ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အတွင်း ​ရောင်းချလျက်ရှိသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်များတွင် FDA မှ ခွင့်ပြုထားသော အမှတ်တံဆိပ်ထောက်ခံချက်များပါရှိမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရေးသားထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်လွန်သော အစားအစာ၊ အလှကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ၊ ထုတ်လုပ်ရက်စွဲများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မရောင်းချကြရန် အသိပေးမှာကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)