ပန်းတနော် မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင်၂၀၂၅-၂၀၂၆ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဦးစွာ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မအူပင်ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးတို့က ပညာ၏တန်ဖိုးကြီးမားပုံ၊ အချိန်၏တန်ဖိုးကြီးမားပုံ၊ ကျောင်းနေအရွယ်ကလေးများအား ကျောင်းအပ်နှံပေးရေး၊ ကလေးလူငယ်များသည် မိသားစု၏ အနာဂတ်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသတွင်တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးပြောကြားခဲ့ရာ တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)