တောင်တွင်းကြီးမြို့နယ် နတ်စဥ်ကုန်းကျေးရွာအနီး ယင်းမလည်ချောင်း မြေအောက်တမံ (၁)တည်ဆောက်လျက်ရှိ

တောင်တွင်းကြီး မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် နတ်စဥ်ကုန်းကျေးရွာအနီး ယင်းမလည်ချောင်း မြေအောက်တမံ ()အား ဧပြီ ၂၉ရက်နေ့မှ စတင်၍ တည်ဆောက်လျက်ရှိရာ ယနေ့အထိ တည်ဆောက်မှုလုပ်ငန်း (၃၀) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် နတ်စဥ်ကုန်းကျေးရွာအနီး ယင်းမလည်ချောင်း မြေအောက်တမံ()အား ခန့်မှန်းကုန်ကျငွေ ၄၇ ဒဿမ ၅၀ ကျပ်သန်းဖြင့် တည်ဆောက်လျက်ရှိရာ မြေအောက်တမံ အလျား (၁၀၀)ပေ၊ မြေအောက်တမံ အနက် (၂၀)ပေရှိကာ ပျှမ်းမျှ မိုးရေချိန် ၄၅ လက်မ၊ ရေသိုလှောင်နိုင်မှု ပမာဏ ၁၅ ဂါလန်သန်းခန့် သိုလှောင်နိုင်ပြီး အဆိုပါ မြေအောက်တမံ တည်ဆောက်ခြင်းဖြင့် ဥယာဥ်စုကျေးရွာ၊  နတ်စဥ်ကုန်းကျေးရွာ ()ရွာမှ အိမ်ထောင်စု (၃၀၀)စု၊ လူဦးရေ (၁၆၇၆) ဦးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်းများ များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)