ကလေး မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်း(ပျဉ်း)အုပ်စု၊ နန်းဇလူကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာန်အွေ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးအောင်ဖြိုးသော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်သူဦးလူဝင်း၏ နွေလယ်ဆင်းသုခစပါးစိုင်ခင်းကို စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုတင်း ၁၃၀ ထွက်ရှိခဲ့ကြောင်း သိရသည်။
နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို တောင်သူဦးလူဝင်း၏ ဆင်းသုခနွေစပါးစိုက်ခင်း၊ ကွင်းအမှတ် (၈၃၂/က)၊ ဦးပိုင်အမှတ်(၇၂)၊ ဧရိယာ(၉.၀၀)ဧကတွင် ရိတ်သိမ်းရာ စပါးတင်းအစို (၁၃၀)တင်း ထွက်ရှိခဲ့ပြီး အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ကလေးခရိုင်/မြို့နယ် စိုက်ပျိုးညှိနှိုင်းအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံများအားလုံးစိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများဖိတ်ခေါ်၍ နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များကူညီပေးခြင်း၊ စိုက်ပျိုးမည့်မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုပေးအပ်ခြင်းများကို စိုက်ပျိုးမွေးမြူးရေး ညှိနှိုင်းမှုအဖွဲ့ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)