တောင်တွင်းကြီး မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများစိုက်ထူခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများ စိုက်ထူရာတွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဋ္ဌေးနှင့် ဆရာ၊ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူတို့က အမွှေးနံ့သာရေများ ပတ်ဖြန်းပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)