တောင်တွင်းကြီး မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ KG မှ Grade-11 အထိ အတန်းလိုက်အောင်စာရင်းများအား မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အောင်စာရင်းထုတ်ပြန်ရာတွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း (၂၅၃)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်း စုစုပေါင်း(၂၅၉)ကျောင်း၏ ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် အတန်းတင်အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာပေးထားရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)