ပခုက္ကူ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်ပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ၊ မိဘများနှင့်ပြည်သူများသိရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာကို မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းတို့တွင် စိုက်ထူဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)