ကျွန်းစုမြို့တွင် အသက် (၁၈) နှစ်နှင့် အထက် အတည်ပြုလူဦးရေစာရင်း (ပဉ္စမမူကြမ်း) မှန်ကန်စေရေးနှင့် ဆက်စပ်၍ ဆောင်ရွက်

ကျွန်းစု မေ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေ (ပဉ္စမမူကြမ်း) မှန်ကန်စေရေးနှင့် ဆက်စပ်၍ မေလ ၁၆ ရက်နေ့ မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့် ကြီးကြပ်မှုဖြင့် လဝကဝန်ထမ်းများက e – ID Team မှ အတည်ပြုလူဦးရေစာရင်း (ပဉ္စမမူကြမ်း) မှန်ကန်စေရေးနှင့် ဆက်စပ်၍ ဖြေရှင်း ဆောင်ရွက်ရမည့် လူဦးရေ ၉၁၂၉၃ ဦးအား e -ID  Server အတွင်း ဖြေရှင်း ဆောင်ရွက်လျက်ရှိသည်။

ကျွန်းစုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် မဲပေးပိုင့်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် အကြောင်းမျိုးမျိုးကြောင့် သေဆုံးသူများစာရင်းအား e-ID Server အတွင်း၌လည်းကောင်း၊ e-ID Server တွင် အိမ်ထောင်စုများ၌ မသက်ဆိုင်သူများ ပါဝင်နေခြင်းနှင့် မှားယွင်းနေသည့် အိမ်ထောင်စုများအား လည်းကောင်း ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)