ကရသူရိ မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာကြည့်တိုက်သို့လာရောက် ကြသည့် ကျောင်းသား/သူကလေးများ စိတ်ရွှင်လန်း၍ ပျော်ရွှင်စေရေး ဘောလုံးပစ်/ဖမ်းကစားခြင်း ဆောင်ရွက်မှုကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောင်းဖွင့်ရာသီ မရောက်မီ ကလေးများ၏ ဉာဏ်ရည်/ ဉာဏ်သွေးများကို မြှင့်တင်သည့်အနေဖြင့်လည်းကောင်း၊ စာကြည့်တိုက်ကို စဉ်ဆက်မပြတ်လာရောက်၍ အသိပညာဗဟုသုတများနှင့် ဝါသနာထုံရာများကို လေ့လာရှာဖွေဆည်းပူးနိုင်ရေး လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာ၌ ကလေးများအကြိုက် ဘောလုံးပစ်/ ဖမ်း ကစားခြင်းကို ပျော်ရွှင်စွာ ကစားခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ဘောလုံးပစ်/ဖမ်း ကစားခြင်းကို မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းသား/သူ ကလေး(၁၅)ဦးက ၎င်းတို့အကြိုက် ဝါသနာထုံရာများဖြင့် ပြိုင်ပွဲများအား လာရောက်လေ့လာ ကစားလေ့ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)