မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

မြို့သစ် မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရှိ အ‌​ခြေခံပညာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာထားရှိ‌ခဲ့ကြောင်း သိရသည်။      

မြို့သစ်မြို့နယ်တွင် အ‌ခြေခံပညာကျောင်း (၁၉၁) ကျောင်း၊  ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း၊ စုစု‌ပေါင်း (၁၉၃) ကျောင်းတွင် နှစ်ဆုံးစာမေးပွဲများကို မတ်လအတွင်းက ကျင်းပပြီးစီးခဲ့ရာ (KG မှ Grade-11)အထိ အောင်စာရင်းများ ထုတ်ပြန်‌ကြေညာထားရှိပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)