ပုလော မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းပုဒ်စိုက်ထူခြင်းကို မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုလောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုး၊ ရဲမှူး ဝင်းထိုက်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ဌာနဆိုင်ရာများ၊ ပညာရေးမိသားစုများ၊ မိဘများက“ကျောင်းနေအရွယ်ကလေးအား လုံးစဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းပုဒ်ကို စိုက်ထူပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။
ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြင့် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော)