ဖျာပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဖျာပုံ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီကစတင်၍ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာထားရှိကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်း (၂၈၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃)ကျောင်း စုစုပေါင်း (၂၉၉)ကျောင်းတွင် နှစ်ဆုံးစာမေးပွဲများ ကျင်းပပြီးစီးခဲ့ရာ အဆိုပါ ကျောင်းအားလုံးတွင် အောင်စာရင်းများ ထုတ်ပြန်ထားရှိပြီး KG မှ Grade -11 (ဧကဒဿမတန်း) အောင်စာရင်း များကို ထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)