ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ဘုတ်စိုက်ထူ

ဆိပ်ဖြူ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေး သီတင်းပတ် နှိုးဆော်အသိပေး မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းနေအရွယ်စာရင်းရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၇၃၈၉) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၀၁၇) ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၉၈၂) ဦး စုစုပေါင်း ကျောင်းနေအရွယ် ကျောင်းသား/ကျောင်းသူ (၁၂၃၈၈) ဦးရှိပြီး၊ ကျောင်းသား/ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ အနေဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) နေ့များအတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ ကျောင်းအပ်နှံရေးသီတင်းပတ်နှိုးဆော်ရေး မြေစိုက်ဘုတ်များအား မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်ပညာရေးဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)